နှစ်(၃၀)မြေဂရန် အတုဖြင့် ဘဏ်မှ ငွေကျပ်သိန်း ၁၅၀ဝ ချေးယူခဲ့သူကို အမှုဖွင့်
မကွေး ၂၁ ဇွန်
မကွေးမြို့တွင် မြန်မာ့ရှေ့ဆောင်ဘဏ် တာဝန်ရှိသူက ၎င်းဘဏ်တွင် နှစ်(၃၀)မြေဂရန်အတုပေးပြီး ငွေကျပ် သိန်း ၁၅၀ဝ လိမ်လည်ရယူခဲ့သည်ဆိုကာ အမျိုးသားတစ်ဦးအား ဇွန် ၁၇ ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း သိရသည်။