လားရှိုးမြို့နယ်တွင် မိုးကြိုးပစ်ခတ်စဉ် ဖုန်းဝင်လာ၍ ဖုန်းကိုင်လိုက်ရာမှ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးမှုဖြစ်ပွား

နေပြည်တော် ၁၉ ဇွန်
     


ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဆင်ကြိုင်(လီဆူး)ကျေးရွာတွင် မိုးကြိုးပစ်ခတ်စဉ် ဖုန်းဝင်လာ၍ ဖုန်းကိုင်လိုက်ရာမှ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဇွန် ၁၆ ရက် ညနေ ၄ နာရီ မိနစ် ၂၀ တွင် အဆိုပါကျေးရွာနေ မောင်အဆီး(ခ)နေမင်းခန့် (၁၇)နှစ်သည် အိမ်နီးချင်းနေ ဦးအိုက်ရီ(ခ)ဗျာလေး၏ နေအိမ်၌ရှိနေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်သည့်အချိန် ဖုန်းဝင်လာသဖြင့် ဖုန်းကိုင်လိုက်ရာမှ မိုးကြိုးစက်ကွင်းမိ၍ မူးလဲကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် လားရှိုးနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၂၆/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN