မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၂၀  ဇွန် 


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်) ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်း(အတက်)စင်နေရာမှ ဇွန်လ ၁၈ ရက်က  (ဆန်းသစ်-ခရီး သည် တင်မှန်လုံ(၆)ဘီး၊ ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (ဝ ဒသမ ၄၀ဝ၀)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွား ကားလမ်းတွင် HILUX TURBO (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်း တယောအိုး (၁ ဒသမ ၂၉၇၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။


ထို့ပြင် တမူးခရိုင်၊တမူးမြို့နယ်၊ ကွန်းတောင်းရွာ၏ အရှေ့တောင်ဘက်နေရာတွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်သစ် (၅ ဒသမ ဝ၆၇)တန်အား၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၊ မြစ်နားကိုင်းဆိပ်ကမ်းမှ တရားမဝင်အင်ခွဲသား(၅၁၃)ချောင်း၊ (၉ဒသမ၂၈၄၂)တန် ၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဆည်လည်ကျေးရွာအနောက်ဘက်တောစပ်နေရာမှ တရားမဝင်ကျွန်းခွဲသား (၃ဒသမ၉၀၅၄)တန် ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပါအော့ရွာ အနောက်(၁)မိုင်ခွဲခန့်အကွာတွင် ဖူဆို(၁၂)ဘီး၊ ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/(၃)ပေအောက် ကျွန်းသစ် (၆၂) လုံး၊ (၇ ဒသမ ၇၅၂၀)တန် ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ရွာတွင်းလမ်း၊ ဈေးတန်း(၁)ရပ်ကွက်တွင် MITSUBUSHI Canter ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်ဆိုဒ်စုံ (၁ဒသမ၂၁၆၆)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တော်ဉီးစီးဌာနမှ သိရသည်။ 

မောင်လူမော်

 

1