မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မောင်းနှင်ထွက်ပြေးသွားသဖြင့် သတိပေး ပစ်ခတ်ဖမ်းဆီး

နေပြည်တော် ၁၉ ဇွန် 


ကောလင်းမြို့နယ်၊ ရှောပင်ခြုံကျေးရွာနှင့် အိုးမကျေးရွာသွားကားလမ်း၌ ဇွန် ၁၈ ရက်ညနေ ၄ နာရီခန့်တွင် ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာနေ သူရကျော် (ဘ) ဦးကျော်မြင့် မောင်းနှင်ပြီး ကောလင်း မြို့နယ်၊ ကြိုးကြာဥကျေးရွာနေ ဇင်ကို (ဘ)ဦးသဲ(ခ)ဦးသောင်းဟန် လိုက်ပါလာသည့် ဆိုင်ကယ်အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ ဖမ်းဆီးရေး အဖွဲ့အား ဆိုင်ကယ်ဖြင့် ဝင်တိုက်သဖြင့်  ရဲတပ်ဖွဲ့ဝင်(၁)ဦး၏ ခြေထောက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။


ယင်းဆိုင်ကယ်မှာ ဆက်လက်မောင်းနှင် ထွက်ပြေးသောကြောင့် သတိပေးပစ်ခတ်ရာ နောက်မှလိုက်ပါသူ ဇင်ကိုအား ထိမှန်(မစိုးရိမ်ရ)ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှဘိန်းဖြူ ၁၁ ဂရမ်၊ ဖုန်း ၁ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့့်် ကောလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 


(ကိုရဲ)