ကျောက်ဆည်၊ တောင်ကြီးနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဇွန် 

မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၈ ရက် နံနက် ၇ နာရီခွဲတွင် ကျောက်ဆည်မြို့၊ ဆည်ထိပ်ထန်းတောရပ်ကွက်နေ မင်းထက်လင်း (ခ) သားသား၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၇၅၃ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

22

 

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာအနီး၊ ရွှေညောင်-ရပ်စောက် သွားလမ်းပေါ်တွင် တင်ရွှေမောင်းနှင်ပြီး ဒေါ်ခင်သက်နွယ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ဝ၀၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

ထို့နောက် ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာနေ ယားပါလျော၏ နေအိမ်ကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဟိုက်ဒြိုကလိုရစ်အက်ဆစ် ၁၆ လီတာနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဇွန် ၁၅ ရက် ညနေပိုင်းတွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ ပူနားကို ကျေးရွာ-ရေအားလျှပ်စစ်သွား လမ်းဘေးတွင် ရပ်တန့်ထားသော Vigo အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ဝ၀ဝ၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

MDN