မတ္တရာမြို့နယ်တွင် တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

မတ္တရာ   ၂၁  ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကျော်နှင့် ဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက သတင်းအရ ကုန်းတန်းကြီးကျေးရွာရှိ အနောက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ သွားရောက်စစ်ဆေးရာ မြစ်အတွင်း၌ တရားမဝင်ကျွန်းသစ်လုံးသစ်ဖောင်တစ်ဖောင်နှင့် တရားမဝင် ကျွန်းခွဲသားအား တွေ့ရှိခဲ့သည်။

 

အဆိုပါသစ်များအား တိုင်းတာစစ်ဆေးရာ ကျွန်းသစ်လုံးနှင့်ခွဲသား စုစုပေါင်း (၁၆၅)လုံး/ချောင်း (၄ ဒသမ ၃၁၃၆) တန်အား ဖမ်းဆီးရမိခဲ့အတွက် သစ်ဖောင်ပိုင်ရှင်အား ဖမ်းမိနိုင်ရေး သစ်တောဦးစီးဌာနမှ စုံစမ်းရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)