ဂျာမနီ နိုင်ငံက ထရမ့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရစဉ် ကုသတဲ့ ဆေးကို ဝယ်ယူ အသုံးပြုမယ်

ဂျာမနီ နိုင်ငံဟာ ဒေါ်နယ်ထရမ့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရစဉ်က အသုံးပြုခဲ့တဲ့ ဆေးကို ပထမဆုံး စတင်အသုံးပြုမယ့် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောကြားပါတယ်။
နယူးဇီလန်နိုင်ငံမှာ တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံသူ ရှိလာ
နယူးဇီလန်နိုင်ငံမှာ တောင်အာဖရိက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံသူ တစ်ဦးရှိကြောင်းနဲ့  နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာ နှစ်လကျော် အတွင်းမှာ ပထမဆုံး ပိုးတွေ့သူ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ခရစ် ဟစ်ကင်စ်က ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန် ကြေညာပါတယ်။
ပေါ်တူဂီ ကာကွယ်ရေး ဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
ပေါ်တူဂီ ကာကွယ်ရေး ဝန်ကြီး ဂျိုအာဂိုမက်ကရာဗင်ဟို သည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်းနှင့် ရောဂါလက္ခဏာ ပြင်းထန်ခြင်း မရှိကြောင်း ၎င်းရုံးက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၂၀၃ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃၂၀၃ ဦး ရှိရာ ယနေ့အထိ ကူးစက်ခံရသူ ၁၀၆၆၇၇၃၆ ဦး အထိရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အစ္စရေးသံရုံး ဖွင့်လှစ်
အစ္စရေး နိုင်ငံက အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တွင် သံရုံးဖွင့်လှစ်ခဲ့သည်ဟု ပြောကြားသည်။
မက္ကဆီကို သမ္မတမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ
မက္ကဆီကို သမ္မတ အင်ဒရေစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါ က ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာ ဟာ မပြင်းထန်ကြောင်း တနင်္ဂနွေနေ့က ကြေညာပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝန်းရှိ  ကျောင်းသူ/သားများ၏ ပညာသင်နှစ် သုံးပုံနှစ်ပုံ ပညာသင်ခွင့် ဆုံးရှုံးနေ
ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားနေမှုကြောင့် ကမ္ဘာအနှံ့အပြားရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့ရာ ကမ္ဘာအနှံ့ရှိ ကျောင်းသားများမှာ စာသင်နှစ်၏ နှစ်ဝက်သို့မဟုတ် စာသင်နှစ်၏ သုံးပုံနှစ်ပုံ ဆုံးရှုံးနေရကြောင်း UNESCO က ပြောကြားခဲ့သည်။