ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝန်းရှိ  ကျောင်းသူ/သားများ၏ ပညာသင်နှစ် သုံးပုံနှစ်ပုံ ပညာသင်ခွင့် ဆုံးရှုံးနေ

၂၅ ဇန်နဝါရီ

 

 

ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားနေမှုကြောင့် ကမ္ဘာအနှံ့အပြားရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့ရာ ကမ္ဘာအနှံ့ရှိ ကျောင်းသားများမှာ စာသင်နှစ်၏ နှစ်ဝက်သို့မဟုတ် စာသင်နှစ်၏ သုံးပုံနှစ်ပုံ ဆုံးရှုံးနေရကြောင်း UNESCO က ပြောကြားခဲ့သည်။

 

 

အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ အေဂျင်စီက ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

 

အမေရိကန်နိုင်ငံနှင့် ကာရစ်ဘီယံ နိုင်ငံများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများကို ငါးလကြာ ပိတ်ထားခဲ့ရပြီး ဉရောပနိုင်ငံများတွင် နှစ်လခွဲမျှ ပိတ်ထားခဲ့ရကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ကမ္ဘာပေါ်ရှိ ကျောင်းသားဉီးရေ သန်း ၈၀၀ ကျော်မှာ ၎င်းတို့၏ ပညာသင်ခွင့်ကို အဟန့်အတားဖြစ်ခဲ့ရကြောင်း UNESCO ပြောကြားခဲ့သည်။

 

 

အဆိုပါ ကပ်ဘေးကြောင့် နိုင်ငံပေါင်း ၃၀ ကျော်ရှိ ကျောင်းများမှာ အကုန်လုံး ပိတ်ထားခဲ့ရပြီးနောက် နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ အချိန်ပိုင်းပညာရေး အစီအစဉ်ဖြင့် ကျောင်းများကို ဖွင့်လှစ်ပေးနေရကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn