ရန်ကုန်  ဇူလိုင်  ၂

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်( ၆ )အခြေခံ ပညာမူလတန်းကျောင်းဝင်းတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးကျော်၊ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌဒေါ်ခိုင်ခိုင်ရှိန်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပျိုးပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ခင်ဝင်း(ပြန်/ဆက်)