ပေါ်တူဂီ ကာကွယ်ရေး ဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

၂၅ ဇန်နဝါရီ

 

 

ပေါ်တူဂီ ကာကွယ်ရေး ဝန်ကြီး ဂျိုအာဂိုမက်ကရာဗင်ဟို သည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်းနှင့် ရောဂါလက္ခဏာ ပြင်းထန်ခြင်း မရှိကြောင်း ၎င်းရုံးက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ကာကွယ်ရေး ဝန်ကြီးရုံး၏ ထုတ်ပြန်ချက်အရ ကရာဗင်ဟိုသည် သီးသန့်ခွဲနေထိုင်ပြီး လူချင်းမကပ်ဘဲ အဝေးမှပင် အလုပ်တာဝန်များ လုပ်ဆောင်နေသည်ဟု သိရသည်။

 

 

ပေါ်တူဂီ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ဝန်ကြီး ၁၉ ဦးအနက် ၎င်းသည် ခုနစ်ဦးမြောက် ဝန်ကြီး ဖြစ်သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၂၇၅ ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်သည် ထိုရောဂါ ကူးစက်မှု ဖြစ်ပွားချိန်မှ စတင်ကာ သေဆုံးမှု အများဆုံးနေ့ ဖြစ်သည်။

 

 

ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၄၆၉ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၁၇၂၁ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၆၃၆၁၉၀ ရှိကြောင်းနှင့် ဆေးရုံတွင် တက်ရောက်ကုသနေသူ ၆၁၁၇ ဦးရှိပြီး အထူးကြပ်မတ်ဆောင်တွင် ကုသမှု ခံယူနေသူ ၇၄၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သော ပေါ်တူဂီ ဝန်ကြီးချုပ် အန်တိုနီရို ကော်စတာက နွေဦးရာသီ အကုန်တွင် နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူ ဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို