အိန္ဒိယတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၂၀၃ ဦး ထပ်မံတွေ့ရှိ

၂၅ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃၂၀၃ ဦး ရှိရာ ယနေ့အထိ ကူးစက်ခံရသူ ၁၀၆၆၇၇၃၆ ဦး အထိရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၅၃၄၇၀ အထိ ရှိလာကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၀၃၃၀၀၈၄ ဦး ရှိပြီး နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ ၁၈၄၁၈၂ ဦး ရှိနေဆဲ ဖြစ်သည်။

 

 

နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေး လုပ်သားများ အဓိကထားကာ ပြည်သူ ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သည်။

 

 

အစိုးရက နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ရာ ယခုအချိန်ထိ ပြည်သူ သန်း ၁၉၀ ကျော်ကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်သည်။

 

 

အိန္ဒိယတွင် ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသများအနက် တစ်ခုဖြစ်သော မြို့တော် ဒေလီတွင် ရောဂါကူးစက်ခံရသူ ၁၈၅ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ထိုရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံ သေဆုံးသူ ကိုးဦးရှိပြီး ယခုချိန်အထိ သေဆုံးသူပေါင်း ၁၀၈၀၈ ဦး ရှိသည်ဟု ဒေလီ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

နိုင်ငံ အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး နှစ်မျိုး ထိုးနှံပေးလျက် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို