ဂျာမနီ နိုင်ငံက ထရမ့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရစဉ် ကုသတဲ့ ဆေးကို ဝယ်ယူ အသုံးပြုမယ်

၂၅ ဇန်နဝါရီ

 

 

ဂျာမနီ နိုင်ငံဟာ ဒေါ်နယ်ထရမ့် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရစဉ်က အသုံးပြုခဲ့တဲ့ ဆေးကို ပထမဆုံး စတင်အသုံးပြုမယ့် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောကြားပါတယ်။

 

 

ဆေးအလုံးပေါင်း ၂၀၀,၀၀၀ ကို တန်ဖိုးအားဖြင့် ယူရိုငွေ သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၄၈၆ သန်း) ကုန်ကျခဲ့တဲ့အတွက် ဆေးတစ်လုံး တန်ဖိုးမှာ ယူရိုငွေ ၂,၀၀၀ တန်ကြေး ရှိကြောင်းနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာတွေအား အခမဲ့သုံးစွဲခွင့် ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

 

ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိစဉ်က အမေရိကန်ဆေးကုမ္ပဏီ Regeneron ထုတ် Casirivimab / Imdevimab antibody cocktail (ပဋိပစ္စည်း ဆေးစပ်ရည်) နဲ့ ကုသပေးကြောင်း သိရပါတယ်။ ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

 

 

ဉရောပသမဂ္ဂရဲ့ ဆေးဝါးအေဂျင်စီ (EMA) က အမေရိကန်ဆေးကုမ္ပဏီ Regeneron နဲ့ Eli Lilly ဆေးကုမ္ပဏီရဲ့ Bamlanivimab antibody drug (ပဋိပစ္စည်းဆေး) တွေအား ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအား အသုံးပြုခွင့် မပေးခင်မှာ ဂျာမနီနိုင်ငံက အသုံးပြုရန် ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

 

 

ဂျာမနီဆေးဝါးကွပ်ကဲရေးအဖွဲ့ (PIE) က ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေထဲက စိုးရိမ်ရတဲ့ အုပ်စုနဲ့ ရောဂါပိုးဒဏ် ဆိုးဆိုးရွားရွား ခံစားနေသူတွေရဲ့ အခြေအနေကို လိုက်ပြီး အသုံးပြုခွင့်အား သက်ဆိုင်ရာ ဆရာဝန်တွေက ဆုံးဖြတ်ပြီး အသုံးပြုသွားမှာလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူ အမျိုးသမီးက  ပြောပါတယ်။ 

 

 

ဥရောပရဲ့ လူဦးရေ အထူထပ်ဆုံးနဲ့ စီးပွားရေး အတောင့်တင်းဆုံး ဂျာမနီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပေမယ့် ဒုတိယလှိုင်းဒဏ်ကို ခံစားနေရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂ သန်းကျော်ရှိပြီး သေဆုံးသူ ၅၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

 

 

MDN

ကိုးကား- AFP