သက်ကြီးရွယ်အိုများအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၈၆ ရာခိုင်နှုန်း ထိရောက်မှုရှိ

တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် သက်ကြီးရွယ်အို များအတွက် ထိရောက်မှုရှိသောကြောင့် မော်ရိုကိုနိုင်ငံအနေဖြင့် ယင်းကာကွယ်ဆေးကို အသက် ၆၀ နှင့်အထက်ရှိ သက်ကြီးရွယ်အို များအတွက် ဆက်လက်အသုံးပြုသွားမည် ဖြစ်ကြောင်း မော်ရိုကိုအာဏာပိုင်များက ယနေ့ပြောကြားသည်။
အိန္ဒိယမြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ရေခဲတောင်ပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၂၆ ဦးအထိရှိလာပြီး ၁၈ဝ ကျော် ပျောက်ဆုံးလျက်ရှိ
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသဖြစ်သော ဥတ္တာရာခန်းပြည်နယ်တွင် ဖေဖော်ဝါရီ ၇ ရက်က ရေခဲတောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၂၆ ဦးအထိရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆင်ဟွာသတင်းဌာနသို့ ယနေ့ အတည်ပြုပြောကြားသည်။
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဘိုင်ဒင်နှင့် မိုဒီတို့ သဘောတူညီ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသဖြစ်ရေး နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ သန်း ၁၀၀ ကျော်ရှိ
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးသူ သန်း ၁၀၀ ကျော်ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။
AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ထိရောက်မှုကို မဆုံးဖြတ်မီ အချက်အလက်ပိုမိုစုဆောင်းရန်လိုအပ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်အာဖရိက ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်မှုနှင့်ပတ်သက်ပြီး AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ထိရောက်မှုကို မဆုံးဖြတ်မီ ထိုကာကွယ်ဆေးချက်အလက်ပိုမိုစုဆောင်းရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်က တရုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအသုတ်ရောက်ရှိလာခြင်းကို ကြိုဆိုလက်ခံ

ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၇၁၅ ဦး ထပ်မံတွေ့ရှိ
ပြင်သစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၇၁၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယင်းနေ့မတိုင်မီက ရောဂါကူးစက်ခံရသူ ၂၀၅၈၆ ဦးရှိရာ ကူးစက်ခံရသူအရေအတွက် ကျဆင်းလာသည်ဟု တရားဝင်အချက်အလက် ဖော်ပြထားသည်။