မဲခရဲကျေးရွာ ဆိပ်ခံတံတား၌ ဟိုင်းကြီးကျွန်း - ပုသိမ် ပြေးဆွဲနေသော ခရီးသည်တင် ရေယာဉ်များ ဝင်ထွက်ဆိုက်ကပ် ပြေးဆွဲပေးစေလို

ဧရာဝတီတိုင်းဒေကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ပုသိမ်မြို့သို့ ရေလမ်းခရီးသွားလာရန်အတွက် နေ့စဉ် ခရီးသည်တင် ကမ်းရိုးတန်း အမြန်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များ နေ့စဉ်ပြေးဆွဲလျက် ရှိသော်လည်း ဟိုင်းကြီးကျွန်းမြို့နှင့် အလှမ်းကွာဝေးသည့် ကျေးရွာများက ဒေသခံပြည်သူများ အနေဖြင့် ခရီးသွားလာရေး အခက်အခဲများ ရှိနေခြင်းကြောင့် မဲခရဲကျေးရွာ ဆိပ်ခံတံတားရှိရာ ချောင်းအတွင်းသို့ ရေယာဉ်များဝင်ထွက် ဆိုက်ကပ်ပြေးဆွဲပေးနိုင်ရေး ဒေသခံများလိုလား နေကြ
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်း ၊ တံတားဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးရွာ ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမှ သိရ
မျိုးစေ့ထုတ် သမဝါယမစိုက်ခင်းတွင် မျိုးသန့်စပါးများ စတင်ရိတ်သိမ်း
ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာ၊ ယောအားမာန်မျိုးစေ့ထုတ်လုပ်သူများ သမဝါယမအသင်း လီမိတက်က အသင်းပိုင် လယ်မြေ ဧက ၅၀ တွင် စိုက်ပျိုးထားသည့် ဆင်းသုခ မျိုးသန့်စပါးများ ယနေ့တွင် စတင် ရိတ်သိမ်းနေပြီဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရ
မိတ္ထီလာကန်ပတ်ဝန်းကျင်တွင် တွေ့မြင်ရခဲသည့် ဒေါင်းလန်းခြေထောက်နှင့် ဆောင်းခိုငှက် တစ်ချို့ ရောက်ရှိနေ
မိတ္ထီလာကန်ပတ်ဝန်းကျင်တွင် ယခင်နှစ်ကဲ့သို့ ဆောင်းခိုငှက်များ အများအပြား ရောက်ရှိလာခြင်း မရှိသေးသော်လည်း မိတ္ထီလာဒေသ၌ တွေ့မြင်ရခဲသည့် ဒေါင်းလန်းခြေထောက်ငှက်များနှင့် ဆောင်းခိုငှက် တချို့ရောက်ရှိနေကြောင်း ဒေသခံငှက်ဝါသနာရှင်များထံက သိရ
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တစ်နေ့ရေလီတာ  ၂၇၀ဝ၀ ပေးဝေနိုင်သည့် ရေသန့်စက်ရုံ ဖွင့်လှစ်          
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများ သန့်ရှင်းသည့် သောက်ရေလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အလှူရှင် Authentic Co.,Ltd မှ လှူဒါန်းသည့် တစ်နေ့ရေလီတာ (၂၇၀ဝ၀) ပေးဝေနိုင်သည့် ရေသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ရှိ အဆိုပါရေသန့် စက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် တိရစ္ဆာန်ဈေး စတင်ဖွင့်လှစ်ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့အမှတ် ၅ ရပ်ကွက်ရှိ စည်ပင်သာယာပိုင်မြေ ဧက ၆ ဒသမ ၇၀ ကွင်းပြင်၌ ဒီဇင်ဘာလ ဒုတိယပတ်က တိရစ္ဆာန်ဈေး (ကျွဲ၊နွားဈေးပွဲ) ဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။