ထန်းတပင်၌ ဥပေဒဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေလှူဒါန်း
မြန်မာနိုင်ငံ စာရေးဆရာအသင်း ၁၃၈၁ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေကျပ် သိန်းတစ်ရာတိတိကို အလှူရှင်များကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဦးစီးအရာရှိ (ဒုတိယတန်း) စစ်ရေး၊ ဗိုလ်မှူး မျိုးသန့်က ပေးအပ်လှူဒါန်းရာ အသင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)နှင့် အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ကူဘိုတာကုမ္ပဏီမှ ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံ ၁၂၀ဝ၀ လှူဒါန်းခြင်း အခမ်းအနားကျင်းပ
ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာ အရောင်းကိုယ်စားလှယ်များမှ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဈေးကွက်ကောင်းမွန်သည့် ပွင့်လင်းရာသီကာလရောက်ရှိသော်လည်း မန္တလေးမြို့ သဲဈေးကွက်မှာ အရောင်းအဝယ်များ ပုံမှန်သာရှိနေ
မန္တလေးမြို့ရှိ သဲဈေးကွက်မှာ ဈေးကွက်ကောင်းမွန်သည့် ပွင့်လင်းရာသီကာလ ရောက်ရှိခဲ့သော်လည်း ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌  ဆောက်လုပ်ရေးလုပ်ငန်းများ နည်းပါးခြင်းကြောင့် လက်ရှိတွင် အရောင်းအဝယ်မှာ ပုံမှန်သာရှိနေကြောင်း မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ သဲထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များမှ ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၏ အခြေခံလုပ်ငန်းစံသတ်မှတ်ချက်(မူကြမ်း) ရေးဆွဲမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အနေဖြင့် အရေးပေါ်အခြေအနေတွင် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာ၌ စနစ်တကျနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသော အခြေခံလုပ်ငန်းစံသတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း) ရေးဆွဲမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။