ထန်းတပင်၌ ဥပေဒဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း

ထန်းတပင် ၂၃ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ေ

 

အဆိုပါရှင်းလင်းပွဲတွင် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျူးခေါင်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးထွန်းအေးမောင်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

 

ေ

 

ထို့နောက် ထန်းတပင်မြို့နယ် ဥပေဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက မြို့နယ်အဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျူးခေါင်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ေ

 

အဆိုပါရှင်းလင်းပွဲသို့ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ (၅၉)အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။

ဇင်မင်းထိုက်(ထန်းတပင်)