ဟိုင်းကြီးကျွန်းတွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၄ စင်း ၌ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်နိုင်သည့် ကိရိယာ တပ်ဆင်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ်များအား ရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ VMS( Vessel Monitoring System) တပ်ဆင်မှု လုပ်ငန်းများကို ဒီဇင်ဘာ ၁၄ ရက်နေ့ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်နေ့အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ် စုစုပေါင်း (၃၄) စင်းတပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရ
စလင်းမြို့နယ် တမာချောင်ကျေးရွာ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး အဝီစိစက်ရေတွင်းတူးဖော်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊စလင်းမြို့နယ်၊ တမာချောင်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရည်ရွယ်၍ အဝီစိစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ
တပ်မတော်ခန်းမ၌  Vietnam  Expo  In Myanmar 2019  ကုန်စည်ပြပွဲ ဖွင့်လှစ်
Vietnam  Expo    In    Myanmar   2019  ကုန်စည်ပြပွဲဖွင့်လှစ်မှုကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊   တပ်မတော်ခန်းမ၌  ဗီယက်နမ်-မြန်မာနှစ်နိုင်ငံကြား  ကုန်သွယ်မှု ဖလှယ်နိုင်ရန်၊ အဆင့်မြင့် နည်းပညာများကို လေ့လာနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန် လာစေရေးတို့အတွက် ရည်ရွယ်၍အရောင်းပြပွဲကို ကုမ္ပဏီ (၇၀) ကျော်တို့မှ ဆိုင်ခန်းပေါင်း(၁၀ဝ)တို့ဖြင့် ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ် ရောင်းချပြီးဖြစ်ကြောင်း  သိရ
(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာ ဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၆၂) ကြိမ်မြောက် ကမ္ဘောဇ တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက  ဖွင့်ပွဲကျင်းပ
မင်းဘူးမြို့၌ ရပ်ကွက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ကွင်းဆင်း စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ သောက်သုံးရေဖူလုံစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် ဝန်ထမ်းများအဖွဲ့သည် ယနေ့ နံနက် ၉ နာရီက နေ့စဉ် ရေဖြန့်ဝေပေးနေသည့် ရေတွင်းများ သန့်ရှင်း သပ်ရပ်မှု ရှိ/မရှိ ၊  ရေစက်ရုံများရှိ ရေမော်တာနှင့် ပန့်များ၊ ရေဂိတ်ဘားများနှင့် ရေပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ တို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
မာန်အောင်မြို့နယ်ရှိ ကျေးရွာသုသာန်ရှေ့ ကားလမ်းနံဘေးတွင် မိုင်း (၃) လုံး ပေါက်ကွဲ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ငအင်းကျေးရွာသုသာန်ရှေ့ ကားလမ်းနံဘေး ဝဲ/ယာတွင် ယနေ့နံနက် (၆) နာရီခွဲခန့်က ဒေသန္တရမိုင်း (၃)လုံး ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရ
ဟင်္သာတတက္ကသိုလ် ပတ္တမြားရတုအထိမ်းအမှတ် ပန်းခြံနှင့် အမှတ်တရကျောက်တိုင် ဖွင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တက္ကသိုလ်မိသားစုများ ပူးပေါင်း ဆောင်ရွက်သည့် ဟင်္သာတတက္ကသိုလ် ပတ္တမြားရတု အထိမ်းအမှတ်ပန်းခြံနှင့် အမှတ်တရ ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီက တက္ကသိုလ် ပင်မလေးထပ်ဆောင် ရှေ့ရှိ ပန်းခြံတွင်ကျင်းပပြုလုပ်ခဲ့