အောင်မြေသာစံမြို့နယ်တွင် နေအိမ်အတွင်း ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွား
အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ် (၄၁၅)၊ အိမ်အမှတ် (N-3)၊ ၇×၈ လမ်းနှင့် ၈၆×၈၇ လမ်းကြား၊ ပိုင်ရှင် ဦးဝင်းထွဠ်ကျော်၏ ၂၀×၂၀ ပေ နံကပ်ပျဉ်ထောင်နှစ်ထပ် အဝတ်ဗီဒိုအောက်အတွင်း ယနေ့ နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိအဝတ်အထည်အား မီးကူးဆက်လောင်ကျွမ်း၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။








