တမူးမြို့နယ်တွင် လယ်ယာမြေဧက ၅၀ဝ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်မှု ပြီးစီးတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော တီးတိန်ယံ ကျေးရွာ ကုန်ထုတ်လမ်း အား ယခုနှစ် မတ်လက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။







