မင်းဘူး(စကု)မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီး၍ နွားသုံးကောင်သေဆုံး
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီး၍ နွားသုံးကောင်သေဆုံးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။








