ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသည့် “(၉)ကြိမ်မြောက် စိန့်ပီတာဇဘတ် နိုင်ငံတကာဥပဒေဖိုရမ်”သို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတရားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Alexander Konovalov ၏ ဖိတ်ကြားချက်အရ
ကျေးရွာ ၆၄ ရွာမှ စာမတတ်သူများအား စာသင်ကြားပေးသည့်စေတနာ့ဝန်ထမ်း များအားဂုဏ်ပြုပွဲကျင်းပ
နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နွားထိုးကြီးမြို့နယ်အတွင်း အသက်(၁၅)နှစ်နှင့်အထက် စာမတက်သူ(စာသင်လိုသူ)များအား စာသင်ကြားသည့် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ကျင်းပခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေး(၁၅/၂၀၁၉) ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး(၁၅/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘူးသီးတောင်မြို့နယ် ရန်အောင်မြေဘုန်းတော်ကြီးကျောင်းရှိ  တိုက်ပွဲရှောင်ပြည်သူများအား ရိက္ခာများ ထောက်ပံ့
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် မြို့နယ်တွင် တိုက်ပွဲများကြောင့် ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား
မိုးညိုမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် ၁၆ လုံး၊ အမိုးလန် နေအိမ် ၉၅ လုံး တို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုးညိုမြို့  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
စည်ပင်သာယာရေးဆိုင်ရာအခွန်၊ အခ၊ အကောက်များဥပဒေနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ပြည်သူ့အသံကြားနာပွဲ သထုံတွင်ပြုလုပ်
မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ငြိမ်းဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပြည်နယ် စည်ပင်သာယာရေးဥပဒေနှင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ၊ အကောက်များ ဥပဒေတို့အား အကောင်အထည်ဖော်နေမှုနှင့်ပတ်သတ်၍ ပြည်သူ့အသံကြားနာပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။