(၁၀၁) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင်ပွဲတွင် စာအောင်သံဃာတော် (၁၂) ပါး ပေါ်ထွန်းလာ
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၁) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်၊ ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။