E- Government အထောက်အကူပြု နည်းပညာ ဟောပြောပွဲ မုံရွာမြို့၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် MCPA တို့ ပူးပေါင်းကျင်းပသော E-Government အထောက်အကူပြု နည်းပညာဟောပြောပွဲကို မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ မဆာတွီ-ဖျန်ချောင်း-ခုတ်ကျေးရွာချင်းဆက် မော်တော်ကားလမ်းသစ်ဖောက်လုပ်လျက်ရှိ
ချင်းပြည်နယ် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအနက် မဆာတွီ-ဖျန်ချောင်း-ခုတ်ကျေးရွာချင်းဆက် မော်တော်ကားလမ်းသစ် ဖောက်လုပ်ပြီးစီးမှု အခြေအနေ အား မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးသည် ခရိုင်ကျေးလက်လမ်းဦးစီးမှူး ဦးဆန်းထွန်း၊ ကန်ပက်လက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ ၂၁ ရက်က ကွင်းဆင်းစစ်ဆေးရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
စစ်ကိုင်းဓာတ်ပုံအသင်းမှ လပတ်ဓာတ်ပုံပြိုင်ပွဲဆု စိစစ်ရွေးချယ်
စစ်ကိုင်းဓာတ်ပုံအသင်း၏ ၂၀၁၈-၂၀၁၉ ခုနှစ် အမှတ်စဉ် ( ၉) သင်္ကြန်မော်ဒယ်ဓာတ်ပုံပြိုင်ပွဲနှင့် အမှတ်စဉ် (၁၀) ဟော့ရှော့(၂) လပတ်ဓာတ်ပုံပြိုင်ပွဲများ ဆုများစိစစ်ရွေးချယ်ပွဲကို ----------
မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၃၄)ရွာ လျှပ်စစ်မီးလင်းနိုင်ရေး ညောင်မြင့် ဓာတ်အားခွဲရုံ တည်ဆောက်
မိတ္ထီလာမြို့နယ် ညောင်မြင့်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ(၃၄)ရွာ လျှပ်စစ်မီးလင်းနိုင်ရေး 33/11KV, 10 MVA  ညောင်မြင့် ဓာတ်အားခွဲရုံ စတင်တည်ဆောက်လျက်ရှိကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ငါးမွေးမြူရေးကန်များရေကြီးနစ်မြှုပ်မှုမှကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
1
မလှိုင်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်၍ လေဘေးသင့်သော အိမ်ထောင်စုများအား ထောက်ပံ့
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၂၀၁၉ မေ ၂၀ရက် ညနေ ၃ နာရီက မိုးသက်လေပြင်းတိုက်၍ ကျေးရွာ ၆ ရွာတွင် လေဘေးသင့်ကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။