ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဌာပနာပေါက်ပွင့်နေသည့် ဘုရား ၃၃ ဆူအထိ ရှိလာ

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဌာပနာပေါက်ပွင့်နေသည့် ဘုရားပုထိုးပေါင်း ၃၃ ဆူ အထိရှိနေပြီဖြစ်ကြောင်း ဇွန် ၁၁ ရက်နေ့ ရှေးဟောင်းသုတေသနဦးစီးဌာန မှတ်တမ်းအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သော မုံရွာမြို့ရှိ နတ်လူထိပ္ပန် တောင်သူနည်းပညာပေးစင်တာ ဆောင်ရွက်ထားရှိမှုများ ပြသခြင်းနှင့် သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် (IDP) စခန်း ၃ ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ငွေပေးအပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ (IDP) စခန်း(၃)ခုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်  ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့‌ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့(IDP)စခန်းခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံအကူ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်တွင် အကျယ်ပေ ၃၀ဝ ရှိသော အကူရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀ဝ၀ ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့ထိလုပ်ငန်း၏ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကျော်မိုးထံမှ သိရ
မိုင်းယောင်း၌ ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထွန်ယက်စိုက်ပျိုး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုကာ ထယ်ထိုး ထွန်မွှေ မြေမြှပ်ခြင်းလုပ်ငန်းကို ဇွန် ၁၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်
ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ၂၄ မိုင်ကွာဝေးသည့် ပြင်ကောက်ကျေးရွာအနီးရှိ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် သဘာဝအတိုင်း ဖြစ်တည်နေသော သန္တာကျောက်များကို ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် သဘာဝသယံဇာတ ဂေဟစနစ်များ မပျက်စီးစေရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့် (၂/၂၀၂၀)ကို ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
မန္တလေးတောင်ပေါ်သို့ တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်ပိတ်ထားပြီး ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ခွင့်ပြုသွားမည်
မန္တလေးတောင်ပေါ်သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ၊ တောင်တက်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့ လာရာက်လည်ပတ်သူများ များပြားခြင်းကြောင့် မန္တလေးတောင်တော် တောင်တက်ကားလမ်းအား ယာယီပိတ်ထားကြောင်း၊ ဆုတောင်းပြည့်ရင်ပြင်တော်အား ပိတ်ထားပြီး အခြားနေရာများသို့ (၇၂)နာရီအတွင်း ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကဉက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။