ကလေးမြို့တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပထမဆုံးအကြိမ် မြန်မာ့ရိုးရာအပျော်တမ်း ခြင်းလုံးအလှခတ်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ အပျော်တမ်း ခြင်းလုံးအလှခတ်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက်၈ နာရီက ကလေးခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးဝင်း၌ ကျင်းပသည်။
အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ခြင်းများပေးအပ်
မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ်တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၁)နှစ်မြောက်  လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အလံအလေးပြုခြင်းအခမ်းအနား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပ
၂၀၁၉ ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။
မြို့နယ်တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ် ထန်တလန်၌ ဖွင့်လှစ်
ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ထန်တလန် မြို့အမှတ် (၁)ရပ်ကွက် တိုင်းရင်းဆေးကုဌာန အဆောက်အဦရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၌  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်အား နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်ခြင်း အခမ်းအနားကျင်းပ
IBEC - ဆရာတော် (စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) ဘဒ္ဒန္တသောဘိတအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်လှူဒါန်းပွဲ .......