Lancang-Mekong Cultural Exchange Youth Camp စီမံကိန်းအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Lancang-Mekong Cultural Exchange Youth Camp စီမံကိန်းအား အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ ညှိနှိုင်းအစည်းအဝေးသို့ ဦးစီးကော်မတီ နာယက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
မဲစာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) အဖွဲ့တို့ပူးပေါင်း၍ မဲစာရင်းပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ကျင်းပရာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့ ပရဟိတဂေဟာနှင့် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများသို့ သွားရောက်၍ ထောက်ပံ့မှုများ ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေတ္တာရင်ခွင် ပရဟိတဂေဟာနှင့် လယ်ကုန်းဗက်လင် နေရပ်စွန့်ခွာပြည်သူများရှိသော စခန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ILO မှ Project Manager Ms. Marielle Phe Goursat နှင့် တွေ့ဆုံ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည်
မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၉ အုပ်စုမှ တောင်သူ ၂၅၉ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ပေးအပ်
မကွေးမြို့နယ်၌ လယ်၊ ယာ၊ ဥယျာဉ်၊ ကိုင်းကျွန်း မြေ ၂၀၁၈၇၉ ဧကရှိပြီး စိုက်ပျိုးမြေ ၁၉၇၃၂၇ ဧက အား ပုံစံ(၇) လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကာ ရာခိုင်နှုန်း အားဖြင့် ၉၇.၇၅ ရာနှုန်း ထုတ်ပေးပြီးဖြစ်ကြောင်း မြေအသုံးချမှုစာရင်း ဇယားများအရ သိရသည်။
လိုင်လင်းပီမြို့၌ (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ (၁) နှစ်အောက် ကလေးငယ်များအား ဇန်နဝါရီ ၉ ရက် နံနက်  ၁၀ နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ် ဆေးထိုးနှံပေးကြသည်။