(၇၁)နှစ်မြောက်  လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အလံအလေးပြုခြင်းအခမ်းအနား ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပ

ရန်ကုန် ၄ ဇန်နဝါရီ

၂၀၁၉ ခုနှစ်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။

 

mdn

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် နံနက်၄နာရီ ၂၅မိနစ်တွင် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိလာပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ တက် ရောက်လာသူများနှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ၊ တပ်မတော်သားများအား အလေးပြုကြသည်။

ထို့နောက် ဂုဏ်ပြုတပ်ဖွဲ့က သစ္စာလေးချက်ကို အဓိဋ္ဌာန်ပြုရွတ်ဆိုကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်၊ မြို့နယ်များမှ ဒေသခံပြည်သူများအပါအဝင် အင်အား ၃၆၀၀ တက်ရောက်ကြသည်။

သတင်း၊ဓာတ်ပုံ-သန့်ဇင်ဝင်း၊ ဇော်မင်းလတ်

 

mdn