နတ်တလင်းမြို့နယ်  တာပွန်မြို့ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများအား လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် နတ်တလင်းမြို့နယ်၏ မြို့နယ်ခွဲဖြစ်သော တာပွန်မြို့ရှိ ရပ်ကွက် သုံးခုတွင် ဆောင်ရွက်ထားသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေ ထွေရွေးကောက်ပွဲ ကျင်းပရေး ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးခွင့်ရှိသူအမည်စာရင်းများ ကြေညာထားမှုကို နတ်တလင်း မြို့နယ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက သွားရောက် စစ်ဆေးကြ
နတ်မောက်မြို့နယ် ပြန်ဆက်ရုံးတွင်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ ပြသ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်၌  ၂၀၂၀ ပြည့်နှစ်  အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၉၀၃ ဦးရှိ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေ ညာမှုများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် (၃)ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျန်ကျေးရွာ အုပ်စု (၉)အုပ်စုသို့လည်း ဆက်လက်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ
ဝက်လက်မြို့နယ် ချောင်းမီတိုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ

ကျိုင်းတုံ၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ တောင်ယာ စိုက်ပျိုးမှု စနစ်ကြောင့် မြေဆီလွှာတိုက်စားခြင်း ပပျောက်စေရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းပညာရပ်များအား သိရှိလိုက်နာတတ်စေရန် ၊ တောင်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသော ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျရောက်မှုရှိ/မရှိအား ကင်းထောက် စစ်ဆေး တတ်စေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများအား စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးရည်ရွယ်၍  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ ဆွေးနွေးပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက  ယန်းခကျေးရွာအုပ်စု၊ ကြိတ်ခေါင် (အလယ်)ကျေးရွာ၌ ပြုလုပ်
သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်များ ပေးအပ်

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ပေါက်ချောင်းရေကျသည့်အတွက် ကားနှင့်ဆိုင်ကယ်များသွားလာရန် ခက်ခဲနေသဖြင့် မီးသတ်တပ်ဖွဲဝင်များမှ ကူညီဆောင်ရွက်ပေး