နတ်မောက်မြို့နယ် ပြန်ဆက်ရုံးတွင်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ ပြသ

နတ်မောက်   ၂၈  ဇူလိုင်          

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများကို ယနေ့ နံနက် ၉ နာရီ က ပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးနံရံကပ်ဘုတ်တွင်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အတွင်း မိမိရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ မဲပေးနိုင်ဖို့အတွက် “သင့်နာမည်ဟာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရပါမယ်၊ သင့်အမည်ပါ မပါ စစ်ဆေးပါ၊ မဲစာရင်းတွင် သင့်အမည် ပါဝင်ပါသလား၊ သင်ဒါတွေ သိပြီးပြီလား၊ မကြာခဏ မေးလေ့ မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများအကြောင်း” စသည့်  သိကောင်းစရာများကို ပြသခဲ့သည်။

 

ထို့အပြင်  ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် ရုပ်ရှင်ဂီတ အနုပညာရှင်များ၏ ကျန်းမာရေးအသိပညာပေး ပိုစတာများကို နံရံကပ်စာစောင်များပြုလုပ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသခဲ့ကြောင်း သိရသည်။

 

လှဝင်း(ပြန်/ဆက်)