ဝက်လက်မြို့နယ် ချောင်းမီတိုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိ

ဝက်လက်   ၂၈   ဇူလိုင် 

        

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ချောင်းမီးတိုကျေးရွာတွင် အမှတ်(၆၁)  စက်မှုလယ်ယာစခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှုအသင်းတို့ ပူးပေါင်း၍ ချောင်းမီးတို ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးပင်များကို စက်ဖြင့် ပျိုးထောင်ပြီးကြောင်း သိရသည်။

       

တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအား အသုံးပြုကာ စပါးအထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ဝက်လက်မြို့ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါ ပျိုးပင်များကို စက်ဖြင့် ပျိုးထောင်ကာ ဇူလိုင် ၃၁ ရက်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

          

တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန် ပျိုးပင်များကို စက်ဖြင့်ပျိုးထောင်ကာ ကောက်စိုက် စက်ကိုအသုံးပြု၍ စပါးစိုက်ခြင်းဖြင့် လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးသော အခက်ခဲ ကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စိုးစိုးလှိုင် (ဝက်လက်)