ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ပေါက်ချောင်းရေကျသည့်အတွက် ကားနှင့်ဆိုင်ကယ်များသွားလာရန် ခက်ခဲနေသဖြင့် မီးသတ်တပ်ဖွဲဝင်များမှ ကူညီဆောင်ရွက်ပေး

ကျောက်ပန်းတောင်း   ၂၈    ဇူလိုင်

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဇူလိုင်(၂၇)ရက် ညနေ(၆)နာရီခန့်မှ  ည(၇)နာရီကျော် အထိ မိုးရွာသွန်းခဲ့မှုကြောင့် ဆည်ပေါက်ချောင်းရေကျပြီး ကားနှင့်ဆိုင်ကယ်များ သွားလာရန်ခက်ခဲနေသဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက  ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

           

ကျောက်ပန်းတောင်းမြို့နယ်တွင် ဇူလိုင်(၂၇)ရက် ညနေ(၆)နာရီခန့်မှ စ၍ တစ်နာရီကျော်ခန့် မိုးရွာသွန်းခဲ့ပြီး ပုပ္ပားအနောက်ဘက်အရပ်တွင်လည်း မိုးသည်းထန်ခဲ့သဖြင့် ဆည်ပေါက်ချောင်းရေကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆည်ပေါက်ချောင်းရေ စီးဆင်းမှုအနည်းငယ်များသဖြင့် ကားနှင့်ဆိုင်ကယ်များ သွားလာမှုခက်ခဲနေသောကြောင့်၊ ဒေသခံများမှ မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ ဖုန်းဆက်အကူအညီတောင်းခံလာသဖြင့် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ဌေး နှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့သည် Ranger မီးသတ်စက်ယာဉ်ဖြင့် သွားရောက်၍ ည၈နာရီ မိနစ် ၂၀ အထိ  ကူညီကယ် ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)