(၅၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန် တတိယနေ့ စာမေးပွဲကို မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတ ဗိမာန်တော်၌ ဇူလိုင်လ(၁၇)ရက် မွန်းတည့် ၁၂ နာရီက ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လေးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ 
ငါးသယံဇာတထိန်းသိမ်းရေးနှင့် ရေချိုငါလုပ်ငန်းဥပဒေ၊ နည်းဥပဒေ ပညာပေးဟောပြောပွဲ အိမ်မဲမြို့တွင် ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းရေးနှင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ ပညာပေးဟောပြောပွဲကို အဆိုပါဦးစီးဌာနရုံးခန်းမ၌ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေအခက်အခဲမရှိရန် (HDPE)ရေပိုက်များ လှူဒါန်း
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ ရေ အခက်အခဲမရှိစေရန် ရည်ရွယ်၍ ပန်လုံမြို့၊ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းက ယမန်နေ့ နံနက်ပိုင်းက(HDPE) ပိုက်များကို လှူဒါန်း ပေးခဲ့သည်။
စင်ကာပူနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ
ဓမ္မာစရိယစာမေးပွဲ နဝမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ကျင်းပ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီမှ ၄ နာရီအထိ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၇ ဌာနတို့၌(နဝမနေ့)အဖြစ်လည်းကောင်း၊