ရေစကြိုမြို့နယ်တွင် ငမြောင်တောင်ပိုး (FAW) ကျရောက်မှု လျော့နည်းစေရေး၊ စပ်မျိုးပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် တောင်သူများအား အသိပညာပေး

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စပ်မျိုးပြောင်းပင်များတွင် ကျရောက်သော ငမြောင်တောင်ပိုး Fall Army Worm (FAW) ကျရောက်မှု လျော့နည်းစေရေး၊ စပ်မျိုးပြောင်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ
လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု စီမံကိန်းအစီအစဉ်ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း (Agriclture Development Support Project) အစီအစဉ်ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းက အမှာစကားပြောကြားခဲ့
ပုံတောင်ဒေသရှိ ဆရာတော်များ၏ ဦးဆောင်မှုဖြင့် ကျေးရွာ(၁၄)ရွာ အကျိုးပြုမည့် အရှည်ပေ ၄၀ဝ ရှိသည့် ဂျင်ရှုပ်ကုန်းအတက်အား ကွန်ကရစ်လမ်းခင်းမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၂၈ မိုင်ကွာဝေးသော ပုံတောင်ဒေသရှိ အိုင်းမ- ကျော်တော- မယင်း- ဘန့်ဘွေး- သက္ကယ်ကျင်း- ရေသာ- စစ်ရင်လမ်းပိုင်းရှိ ကျေးရွာ(၁၄)ရွာ အကျိုးပြုမည့် အရှည်ပေ ၄၀ဝ ရှိသည့် ဂျင်ရှုပ်ကုန်းအတက်အား ဆရာတော်များ၏  ဦးဆောင်မှုဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သက္ကယ်ကျင်း(အထက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ  ၅ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရ
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဗဟိုဌာန၌ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားပြီး အဘိုးတစ်ဦးမှ သက်ကြီးရွယ်အိုများကိုယ်စား ရင်တွင်းစကားပြောကြားခဲ့
လှိုင်သာယာတွင် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ကွင်းဆင်းထောက်ပံ့
အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ လျက်ရှိရာ အောက်တိုဘာ ၅ ရက်က လှိုင်သာယာမြို့နယ်အတွင်း ကွင်းဆင်း ထောက်ပံ့ ပေးခဲ့ကြ
မြိတ်မြို့တွင် ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန် ခန်းမ၌  ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့
မြိတ်မြို့တွင် ယာဉ်မတော်တဆမှု၌ ပိတ်မိနေသောလူနာ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် အထပ်မြင့် လှေကားတင်ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေယာဉ်ကွင်းလမ်းတွင် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် မီးလောင်မှုများတွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက ယာဉ်မတော်တဆမှု၌ ပိတ်မိနေသောလူနာ ကယ်ဆယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် အထပ်မြင့် လှေကားတင်ယာဉ်ဖြင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ