ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံလွှင့်စက်ပစ္စည်း ကိရိယာများ တိုးချဲ့တပ်ဆင်လွှဲပြောင်းပေးအပ်ခြင်းနှင့် စတင်အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်

မြန်မာအသံနှင့် ရုပ်မြင်သံကြား(MRTV)တွင် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးအထောက်အပံ့ (ODA Grand Aid) အစီအစဉ်ဖြင့် ဂျပန်ယန်း ၂၂၆၃ သန်း တန်ဖိုးရှိ ရုပ်သံလွှင့်စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်လွှဲပြောင်းပေးအပ်ခြင်းနှင့် စတင်အသုံးပြုခြင်း အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (၁) ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်
ပဲခူးမြို့တွင် ဖုန်းများ ယူနီကုဒ်ပြောင်းနိုင်ရန် ကွန်ပျူတာအသင်းများနှင့် ဖုန်းဆိုင်များပေါင်း၍ ငါးရက်ကြာ အခမဲ့ ဆောင်ရွက်ပေးမည်

မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၂၀ အား တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးလင်းရေးဆောင်ရွက်ပေးသွားမည်

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ ကမ္မရေကန်ကြီး ကန်ဘောင် ကျိုးပေါက်ခြင်းကြောင့် တောင်ရှေ့ချောင်း ရေကျော်ကာ ကားများ သုံးနာရီကျော်ကြာ ပိတ်မိနေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး တောင်ဇင်းကျေးရွာအနီး အောက်တိုဘာ ၆ရက် နေ့လည် ၁ နာရီခွဲခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့်
ဖယ်ခုံမြို့ နောင်လိုင်ကျေးရွာ (၇)ကြိမ်မြောက် ကယားအမျိုးသားတို့ စုပေါင်းအဲ့ဒိုပေါ်မီပွဲတော်ကျင်းပ
အခမ်းအနားတွင် ကယားပြည်နယ် ကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ခူးပိုးရယ်အောင်သိန်းက ကြိုဆိုနှုတ်ခွန်းစကား ပြောကြားပြီး လွိုင်ကော်ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် စတီဖင်တျေးဖဲမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်း တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင် ၊ တောင်ကြီးမြို့ NLD ပါတီဥက္ကဌ ဦးကျော်မျိုးသိန်း၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်တို့က အမှာစကားပြောကြားသည်။
ပန်းပျိုးလက် ပရဟိတကျောင်းသို့ ဆန်လှူဒါန်း
ရှေးဦးစွာ ပန်းပျိုးလက်ပရဟိတကျောင်းမှ တာဝန်ခံ ဒေါ်အေးမိက ပန်းပျိုးလက် ပရဟိတကျောင်း တည်ထောင်ဖွင့်လှစ်သည့်သမိုင်းကြောင်း၊ ပန်းပျိုးလက်ပရဟိတကျောင်းတွင် စီမံခန့်ခွဲရသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ 
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ည(၇:ဝဝ)နာရီအချိန် မိုးဇလထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။