နေပြည်တော် ဇွန် ၂၃

 

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဖရူဆို - ဘောလခဲ -  ဖားဆောင်း ဒေသများအတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည် ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြု ကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ဖရူဆိုမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ လွိုင်ကော်တယ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်း သားပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။

 

ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းရေး အတွက် ရှေ့တန်းစစ်မျက်နှာများ တွင် အသက်ကိုပဓာနမထားဘဲ စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည် ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန် များဖြင့်လည်းကောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်