ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ကချင်ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ပိုက်တီကုန်သွယ်ရေးစခန်းကို နိုင်ငံ တကာအဆင့်မီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၏ စီးပွားရေးသည် အခြားပြည်နယ်များ ထက် ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ များစွာရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။





