မန္တလေးမြို့တွင် မြန်မာ့ကော်ဖီပွဲတော်ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာ့ကော်ဖီပွဲတော်(၂၀၁၉)ကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်
ဘားအံမြို့ပေါ် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်
ဘားအံမြို့ပေါ် သန့်ရှင်းသာယာလှပရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီခွဲက ဘားအံမြို့ပေါ် သီရိလမ်းမပေါ်ရှိ ပြည်နယ်သီရိကွင်းအနီး လမ်းတစ်လျှောက်နှင့် သီရိကွင်းအတွင်း စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရ
ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စုသို့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ခုံကြီးအုပ်စု အလယ်ရွာကျေးရွာ ရွှေခဲဘုန်းကြီး ကျောင်းတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ဒေါက်တာဝင်းနိုင် ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို အောက်တိုဘာ ၄  ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ
ကမ္ဘာ့ဆရာမများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ပုလဲမြို့၌ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ဗုဒ္ဓဝိဟာရသာသနာ့ဗိမာန်၌ အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက ကမ္ဘာ့ဆရာမများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရ
ဒီးမော့ဆိုမြို့နယ်တွင် စီမံအုပ်ချုပ်မှုဆိုင်ရာနှင့် ရပ်ရေးရွာရေးဆုံးဖြတ်ချက် ချမှတ်ရာတွင် ကျား/မ ရေးရာနှင့် အားလုံးပါဝင်သော စီမံအုပ်ချုပ်မှု ဖြစ်လာစေရန် ဆွေးနွေးပွဲကျင်းပ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Deemawso Women Club နှင့် Centre For Good Governance တို့ ပူးပေါင်း၍ စီမံအုပ်ချုပ်မှု ဆိုင်ရာနှင့် ရပ်ရေးရွာရေး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကျား/မရေးရာနှင့် အားလုံးပါဝင်သော စီမံအုပ်ချုပ်မှု ဖြစ်လာစေရန် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဒီးမော့ဆိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်
သရက်မြို့နယ်၊ ငါးဘတ်ကျကျေးရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်နေ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် အုန်းမွှန်းတောကျေးရွာအုပ်စု၊ ငါးဘတ်ကျေးရွာတွင် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးကို အောက်တိုဘာလ ၄ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရ
သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သစ္စာစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၆ ရက်က ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရ