မိုးရွာသွန်းမှုများခြင်းကြောင့် ငါ့သရောက်-ပခုက္ကူကားလမ်း ပျက်စီးသွားသည့် ကုလားတဲချောင်းအား ပြုပြင်ပေးစေလို
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းသည် မိုးရွာသည့်အခါတိုင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ တောင်ဘက် အခြေရိုးနှင့် ကုလားတဲရွာမြောက်ဘက်ရှိ ကုလားတဲချောင်းသည် ပျက်စီးနေရာ ကားအသွားအလာများသည့်အတွက် သက်ဆိုင်ရာဌာနမှ ရေကျော်ကွန်ကရစ် ပြုလုပ်ပေးစေလိုကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြသည်။








