ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့
ကျွန်းစုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း (တနင်္သာရီတိုင်း-၇)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း (တနင်္သာရီတိုင်း-၈)၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ
ငါးသိုင်းချောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာနဖွင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ကျောက်ဆည်ဆင်ပွဲနီးချိန် ဆင်ရုပ်ငယ် အကြမ်းပြုလုပ်သူများ အချိန်မီ လုပ်ဆောင်နေရ
ကျောက်ဆည်ဆင်ပွဲ နီးလာသည်နှင့်အမျှ ဆင်ရုပ်ငယ်ကလေးများ အရွယ်မျိုးစုံ ပြုလုပ်ရောင်းချသူများ အချိန်မီ တွင်ကျယ်စွာ ပြုလုပ်နေရသည်။
အောက်တိုဘာလအား မြန်မာနိုင်ငံ၏ပထမဆုံး ဆိုက်ဘာလုံခြုံရေးလအဖြစ်သတ်မှတ်
၂၀၁၉ ခုနှစ် အောက်တိုဘာလအား မြန်မာနိုင်ငံ၏ပထမဆုံး ဆိုက်ဘာလုံခြုံရေးလအဖြစ် သတ်မှတ်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေးလှုပ်ရှားမှုများကို တစ်လကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စနေ၊ တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း ပြန်လည်ဖွင့်လှစ်ရောင်းချ
စနေ၊ တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း (သိမ်ဖြူလမ်း)ကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ဆိုင်ခန်းပေါင်း ၇၀ ကျော်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာ