မိတ္ထီလာဓါတ်ပုံအသင်း၏ ပထမဆုံး   မော်ဒယ်အလှဓါတ်ပုံပြိုင်ပွဲ ကျင်းပ

ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ    ၅   အောက်တိုဘာ

ခင်ဦးအခြေခံပညာ အထက်တန်းကျောင်း၌ ဘင်ခရာတီးသင်တန်းကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ အောက်တိုဘာ ၄ ရက်နေ့ ညနေ ၃ နာရီ က ဘင်ခရာတီး သင်တန်းကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၅ ရက်၊ နံနက်(၉)နာရီက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ WORLD TEACHERS' DAY အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ထားဝယ်မြို့ ၊ ဆန်းချီဈေးအတွင်းရှိ စားသောက်ကုန်များ ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့ ၊  အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှတားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက် များ ၊ အလှကုန်ပစ္စည်းများအား ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချ ခြင်းမရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အောက်တိုဘာ ၄ ရက် နံနက်ပိုင်း က ဆန်းချီဈေးအတွင်းရှိစားသောက်ကုန် များ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကန့်ဘလူ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးကကြီးမှူး၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကန့်ဘလူမြို့နယ်ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ပညာရေးမှူး ဆရာကြီး ဆရာမကြီးများနှင့်အခြေခံပညာ ထက်၊လယ်၊မူလတန်းအဆင့် သက်ပြည့်အငြိမ်းစား ဆရာကြီး ဆရာမကြီးများ ပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။