လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး အသိပညာပေးဟောပြော

ကရင်ပြည်နယ် လှိုင်းဘွဲမြိ်ုနယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး အသိပညာများ သိရှိလာစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများအား သိရှိလာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ကော့လုံကျွန်း ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့
သုံးခွမြို့နယ်တွင် ရွှေပြည်အေးစေတီတော်မြတ်ကြီး (၁၀၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၁၂ရပ်ကွက် နှင်းဆီလမ်းရှိ ရွှေပြည်အေးစေတီတော် မြတ်ကြီး၏ (၁၀၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ၁၈ ရက်နှင့် ၁၉ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ
ကော့ကရိတ်မြို့တွင် ပြည်သူနှင့်ကျန်းမာရေးပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ပြည်သူနှင့်ကျန်းမာရေး ပြည်သူ့စကားဝိုင်းကို ယမနေ့်နံနက် (၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန တွင် ‘’ပစ်ပယ်ခံရမှာကို စိုးရိမ်တယ်ဆရာ’’ စာအုပ် မိတ်ဆက်ပွဲ ကျင်းပ
စာရေးဆရာ အိုးဝေ(မြေနီကျင်း) ၏ ဒုတိယမြောက်စာအုပ်ဖြစ်သော ‘’ပစ်ပယ်ခံရမှာကို စိုးရိမ်တယ်ဆရာ’’ စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်၊ မန္တလေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်
တောင်တွင်းကြီး လူထုအခြေပြုဗဟိုဌာနတွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ပေးမည်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဒေသအတွင်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း (အခမဲ့)သင်တန်းကို အောက်တိုဘာ ၉ ရက် နံနက် ၁၀နာရီ အချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရ
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် စပါးအုန်းမြွေတစ်ကောင် တွေ့ရှိသဖြင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ သွားရောက်ဆောင်ရွက်ပေး
အောက်တိုဘာ ၆ ရက် က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှတစ်ဆင့် ပလက်ဖောင်းအတွင်းသို့ စပါးအုံး မြွေတစ်ကောင်မှာ ဝင်ရောက်ပြီး ဆက်မသွားတော့ဘဲ ခန္ဒာကိုယ်တစ်ဝက် ကားလမ်းပေါ် တင်နေသည့်အတွက် လမ်းသွားလမ်းလာများ အန္တရာယ်ရှိနေသောကြောင့် ဖမ်းဆီပေးပါရန် သတင်းပေးပို့သဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သွားရောက်ဖမ်းဆီးပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ မိုးစေတနာအသင်းပိုင်ကားဖြင့် သွားရောက် လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရ
စေတုတ္တရာမြို့နယ်အတွင်းရှိ NEP(ICB-3)စီမံကိန်းကျေးရွာ(၉)ရွာတွင် ဆိုလာမီးသုံးစွဲခြင်း အသိပညာပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီး ဌာနမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမျိုးသားအဆင့် လျှစ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP(ICB-3) စီမံကိန်းဖြင့် ကျေးရွာများတွင် ဆိုလာမီးသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စီမံကိန်းကျေးရွာ(၉)ရွာတွင် ဆိုလာမီးသုံးစွဲခြင်း အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရ