ယင်းမာပင် ရေလျှံဇုန်မြေအောက်ရေ ထိန်းသိမ်းနိုင်ရေး (၃)နှစ်ကြာ စီမံကိန်းဖြင့် လုပ်ဆောင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင် ပုလဲနှင့် ဆားလင်းကြီးမြို့နယ်အတွင်း တည်ရှိသည့် ယင်းမာပင်ရေလျှံဇုန်ကြီး မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ (၁.၄)သန်း ကုန်ကျမည (၃)နှစ်ကြာ စီမံကိန်းဖြင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရ
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သန်လျင်မြို့နယ် မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာ မီးဘေးသင့်ပြည်သူ များအတွက် အသုံးအဆောင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဖေဖေါ်ဝါရီ ၁၇ ရက် ည ၇ နာရီခွဲက ညောင်သုံးပင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ် စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
အထက်မြန်မာပြည်၏ တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သော ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက် အင်းတော်ကြီး အိုင်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရွှေမဉ္ဇူရေလယ် စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရ
ပခုက္ကူမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိ
ပခုက္ကူမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဖေဖော်ဝါရီ ၁၇ ရက်နေ့က လာရောက်လည်ပတ်ခဲ့ကြ
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ
ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုရှိ ကျေးရွာခွဲပေါင်း (၈၅)ရွာတွင် နေထိုင်ကြသည့် အိမ်ထောင်စု (၄၅ဝဝ)တို့အား တစ်အိမ်ထောင်လျှင် စွမ်းအားမြှင့်မီးဖိုတစ်လုံးစီနှုန်းကို ဖေဖော်ဝါရီလပထမအပတ်မှ စတင်၍ ပထမ အသုတ်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက(အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ
ဂျာမနီနိုင်ငံ Project Burma e.v မှ ဆောက်လုပ်လှူဒါန်းသော(၁၆)ခုတင်ဆံ့ မကျီးဇင် တိုက်နယ် ဆေးရုံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု မကျီးဇင်ကျေးရွာတွင် ဂျာမနီနိုင်ငံ Project Burma e.v မှ ဆောက်လုပ်လှူ ဒါန်းသော(၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့
ကျောက်ဆည်မြို့တွင် စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက စာရေးဆရာများနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် (အ.ထ.က-၃) ကျောင်းသား/ ကျောင်းသူများ တွေ့ဆုံပြီး စာပေဝါသနာရှင်များ တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင်ရင်းနှီးလာစေရန်နှင့် အတွေးအခေါ်များ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ပြီး စာရေးဆရာဖေမြင့်၏အခန်း(၁၄)ခန်းပါ “အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့