၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့၌ နိုင်ငံတော်အဆင့် ပထမဦးဆုံးအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ချင်းအမျိုးသား နေ့ နီးကပ်လာသည်နှင့် ချင်းတိုင်းရင်းသားရိုးရာ အဝတ်အထည်များ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း ထန်တလန်မြို့မှ ချင်းရိုးရာ အဝတ်အထည်များ ရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရ