လိုင်လင်းပီ   ၁၈  ဖေဖော်ဝါရီ         

      

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် (၅)နှစ်အောက် ကလေးများအား အာဟာရ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်း ဒုတိယနေ့ကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ကြသည်။

 

20.

 

ဟောပြောပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏ လက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်းများ၊  အာဟာရ ဖြစ်စေမည့် အစားအစာများ စားသုံးကြရေးနှင့် ရပ်ကွက်ထဲ၌ ကိုယ်ပူပြီးဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကျပ်ခြင်းများ ဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးလာရောက်ကုသကြရန် ကျန်းမာရေး ဝန်ထမ်းများမှ ဟောပြောပေးကြသည်။

 

ဆက်လက်၍ အမှတ်(၁)ရပ်ကွက်ရှိ (၂)နှစ်နှင့်အထက် ကလေးငယ်များကို သံချဆေးများ တိုက်က်ကျွေး ပေးခြင်း (၆)လမှ (၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးကြကြောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ ကလေးငယ်များကို ယမန်နေ့၌ အလားတူ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

52

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို လိုင်လင်းပီမြို့၌ စတုတ္တအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွင် ကလေးငယ် စုစုပေါင်း ၁၂၀ ခန့် တိုက်ကျွေးခဲ့ကြကြောင်းနှင့် ဒုတိယရက်သတ္တပတ်ကို ဩဂုတ်လအတွင်း ထပ်မံတိုက်ကျွေး မည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သိရှိရသည်။

 

ယာကမ် (ပြန်/ဆက်)