အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
သစ်တောဆိုင်ရာ လုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အကျိုးဆက်စပ်သူများ ပါဝင်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
သစ်တောဆိုင်ရာလုပ်ပိုင်ခွင့်များ ဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ (Forest Tenure Assessment) ဆောင်ရွက်ရန်အတွက် အကျိုးဆက်စပ်သူများပါဝင်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ကျင်းပသည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံ ပါလီမန်များ၏ဥက္ကဋ္ဌ  Mrs. Renate Kunast  နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ် မူးယစ်ဆေးဝါးနှင့် ပရီကာဆာစုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူများ အစည်းအဝေး ကျင်းပ
မူးယစ်ဆေးဝါးနှင့် ပရီကာဆာစုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးမြို့၊ Mercure Hotel ၌ ကျင်းပသည်။
ကလောမြို့နယ်၌ အမှိုက်ကင်းစင်ရေးနှင့်မူးယစ်ကင်းစင်ရေး ကျေးလက်စကားဝိုင်းကျင်းပ

လူမှုဖူလုံရေးအားမခံအလုပ်သမားများအား Mobile Medical UNIT (MMU) ဖြင့် ကွင်းဆင်းဆေးကုသမည်