ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) နှင့် Southland Myanmar Rubber Co.,Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ချောစက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA)မှ တာဝန်ရှိသူများ၊ Southland Myanmar RubberCo.,Ltd  တာဝန်ရှိသူများနှင့်  နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၏ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေး
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဒါရိုက်တာရုံးနှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံ Government Pension Fund – GPF စနစ် ဆောင်ရွက်နေမှုများကို  ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ သွားရောက်လေ့လာခဲ့သည်။
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂  နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ရေပန်းဥယျာဉ်တွင် ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သဖြင့် အထူးစည်ကား
နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ပန်းပွဲတော်သို့ မြန်မာနိုင်ငံအနှံ့ အပြားမှ ခရီးသွားပြည်သူများသာမက နိုင်ငံခြားခရီးသွားဧည့်သည်များပါ ပန်းပွဲတော်အတွင်း စိုက်ပျိုးထားရှိသည့်ပန်းများနှင့် ဖန်တီးပုံဖော်ပြသထားသည့် ပန်းပေါင်းစုံတို့၏ အလှကို ခံစားအပန်း ဖြေရင်း လာရောက်လည်ပတ်ကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ “သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ နာယကအဖွဲ့” ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
ကျန်းမာရေးမှူးများအတွက် ပထမဆုံးအကြိမ် သုတေသနနည်းပညာအထူးသင်တန်း (၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ကျန်းမာရေးမှူးများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပထမဆုံးအကြိမ် သုတေသန နည်းပညာအထူးသင်တန်း (၂၀၂၀) (first training workshop on research capacity strengthening and proposal development for basic health services professionals) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီး ဌာန (ပြင်ဦးလွင်)ရှိ သုတေသနစွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာနတွင် ကျင်းပသည်။ 
ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲ ကျင်းပ
ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။