မိတ္ထီလာ၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်  စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့်သင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေး

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ အလုပ်အကိုင် အခွင့်အလှမ်းများရရှိစေရန် စက်ချုပ်နည်းပညာ အခြေခံနှင့် အဆင့်မြှင့် သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် စစ်တွေခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်လူ မှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စလင်းမြို့နယ် ကျေးရွာခုနှစ်ရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စက်ရေတွင်းနှင့်ဆက်စပ်လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန မှသိရ
လိုင်လင်းပီမြို့၌ (၅)နှစ်အောက်ကလေးများအား ပထမ ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးပေး
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ (၅)နှစ်အောက်ကလေးများအား အာဟာရ ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် တိုက်ကျွေးပေးကြသည်။
နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှု ကြုံတွေ့ပါက အကူအညီတောင်းခံနိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်ဖြစ်သော သရက်၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံမြို့နယ်တို့ရှိ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေရှားပါးပြတ် လပ်မှုဖြစ်ပေါ်လာပါက ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများထံနှင့် အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များထံသို့ ဆက်သွယ်၍ဖြစ်စေ၊
ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီ အဝေးပြေးယာဉ်ရပ်နားစခန်း ဂိတ်ခန်းနေရာများ မဲစနစ်ဖြင့် နေရာချထား
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊တံခွန်တိုင်အဝိုင်းအနီးရှိ အသစ်ဆောက် လုပ်ထားသော ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)ယာယီအဝေးပြေးယာဉ်ရပ်နားစခန်း ဂိတ်ခန်းနေရာများ မဲစနစ်ဖြင့် နေရာချထားဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၁၆ နံနက်ပိုင်း က ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ကားကွင်းပထမထပ်တွင် ပြုလုပ်
အညာစု အလယ်တန်းကျောင်း၌ ပြည်သူ့စကားဝိုင်းကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တွံတေးမြို့နယ် ငှက်ပျောစမ်းကျေးရွာ အုပ်စု၊ရွာသစ်ကြီး‌ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ်‌ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။