သရက်မြို့နယ် တပ်ကျေးရွာ၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှု ၇၅ ရာနှုန်းပြီးစီး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ တပ်ကျေးရွာအုပ်စု၊ တပ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတို့ ပူးပေါင်း၍ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။






