လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ ၂၅၅ ဉီးအား နွေးထွေးစွာကြိုဆိုလက်ခံ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်း လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၂၅၅ ဉီးကို ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေ:စွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။








