ကျောင်းကုန်း၌ အိမ်ထောင်စု ၁၇၃ စုအတွက် ဆန်နှင့် အလှူငွေများ လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ (၅၊ ၆၊ ၇၊ ၈၊ ၉)ရှိ အိမ်ထောင်စု ၁၇၃ စုတို့အား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ဆန်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀နှင့် Flow Meter အခု ၂၀၀ ထပ်မံရောက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၄၀ လီတာဆံ့ အရည်ပါပြီး အောက်ဆီဂျင်အိုး အလုံး ၂၀၀နှင့် Flow Meter အခု ၂၀၀ ထပ်မံရောက်ရှိမှုအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရွာသစ်မြို့တွင် ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး

ကိုဗစ်-၁၉ အတည်ပြုလူနာ ကုသရေးအဆောင်သစ် ပြင်ဆင်ဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကုသရေး ဆောင်အသစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တောင်ကြီးမြို့နယ်၌ Stay at home စည်းကမ်းမလိုက်နာသူများအား အရေးယူဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၀ ရက်က Stay at home ကာလအတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိသူ ၁၈ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်တစ်စီး ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ ​​မော်​တော်ယာဉ်တစ်​စီး ​ပေးအပ်လှူဒါန်းခြင်းကို သြဂုတ် ၁၀ ရက်​ နံနက်ပိုင်းက အဆိုပါ အသင်းရုံး၌ ကျင်းပပြုလုပ်သည်။